ကျားဖြူပါတီ အကြာင်း
ပါတီ၏အမည်ကို “ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)” ဟု ခေါ်တွင်သည်။ ရှမ်းနှင့်တိုင်းရင်းသားများ ဆိုသည် မှာ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြသည့် ဥပဒေ ပြဌာန်းချက်အရ တိုင်းရင်းသားလူမျိုးစု(၁၃၅)မျိုး အဖြစ် သတ်မှတ် ထားသော တိုင်းရင်းသားများနှင့် နိုင်ငံသားများ အားလုံးကို ဆိုလိုသည်။
ပါတီ၏မူဝါဒသဘောထား
၁။ ဖက်ဒရယ်ပြည်ထောင်စုစနစ်
၂။ ပါတီစုံဒီမိုကရေစီနိုင်ငံရေးစံနစ်
၃။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုရရှိရေး
၄။ နိုင်ငံခြားရေးနှင့် နိုင်ငံတကာဆက်ဆံရေး
၅။ စီးပွားရေး
ယုံကြည်ချက်
လူလူချင်း ဖိနှိပ်ချုပ်ချယ်မှုကင်းခြင်း၊ တိုင်းရင်းသား လူမျိုးများ အကြား ရင်းနှီးချစ်ကြည်ခြင်း၊ လူမှုအခြေခံအခွင့်အရေးများ တန်းတူ ညီမျှမှု ရရှိခြင်း၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်းများနှင့် ပြည့်ဝသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်မှ သာလျှင် စည်းလုံး ညီညွတ်၍ တည်ငြိမ်အေးချမ်းကာ တည်တံ့ခိုင်မာသည့် ဖက်ဒရယ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဟု အလေးအနက် ယုံကြည်သည်။
ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များ မပြိုကွဲရေးသည် ပါတီ၏ရည်ရွယ်ချက်ဖြစ်ပြီး အဆင့်ဆင့်ပြိုကွဲပျက်စီး သွားပါက ဆက်စပ်မှုဖြစ်စဉ် သဘောတရားများအရ အားလုံး ပြိုကွဲ ပျက်စီးသွားမည်ဟု ယုံကြည်သည်။
ရည်မှန်းချက်
တည်ငြိမ် ငြိမ်းချမ်း တိုးတက်ဖွံဖြိုး၍ တန်းတူညီမျှ အခွင့်အရေး ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံ တည်ဆောက်ရေး။ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များ မပြိုကွဲရေးသည် ပါတီ၏ရည်ရွယ်ချက်ဖြစ်ပြီး အဆင့်ဆင့်ပြိုကွဲပျက်စီး သွားပါက ဆက်စပ်မှုဖြစ်စဉ် သဘောတရားများအရ အားလုံး ပြိုကွဲ ပျက်စီးသွားမည်ဟု ယုံကြည်သည်။
ရည်ရွယ်ချက်များ
ရည်ရွယ်ချက်
(က) ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးကို ငြိမ်းချမ်းသောလမ်းစဉ်ဖြင့် တည်ဆောက်မည်။
(ခ) ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များ မပြိုကွဲရေးကို ဆောင်ရွက်မည်။
(ဂ) ပြည်ထောင်စုတည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် သွေးစည်းညီညွတ်မှု ရရှိရေး ဆောင်ရွက်မည်။
(ဃ) ပြည်ထောင်စုအတွင်း နေထိုင်ကြသော တိုင်းရင်းသား လူမျိုးများအားလုံး လူမှုအခြေခံ အခွင့်အရေးများ အပြည့် အဝရရှိရေး ဆောင်ရွက်မည်။
(င) တိုင်းရင်းသားလူမျိုးအသီးသီး၏ စာပေယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များ မပျောက်ပျက် စေရန်နှင့် ဖွံဖြိုး တိုးတက်စေရန် ဥပဒေပြဌာန်းနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်မည်။
(စ) စိတ်ကူးယဉ်မျှော်မှန်းချက်ထက် လက်တွေ့အကျိုးဖြစ် ထွန်းရေးကို ဦးစားပေး ဖေါ်ဆောင်မည်။
(ဆ) နိုင်ငံရေးနှင့် အခြားကဏ္ဍအသီးသီးတိုတွင် ထိပ်တိုက် ရင်ဆိုင်ရေး၊ ဆန့်ကျင်ရေးကို ဦးစားမပေးပဲ ပိုမို ထိရောက် သောအကျိုးဖြစ်ထွန်းမှုအတွက် ရှိသည့်လုပ် ပိုင်ခွင့်များ အားလုံးကို ရယူ အကောင်အထည်ဖေါ် သွားမည်။
(ဇ) ပါတီသည် ပြည်သူတို၏အားကိုးယုံကြည်မှုကို အခြေခံ ၍ တိုင်းရင်းသားလူမျိုး အချင်းချင်း တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု စနစ်တွင် သင့်လျော်လျောက်ပတ်သည့် သဘောတူညီမှု များကို ပဋိဉာဉ်ပြုကာ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရများ ဖွဲစည်းနိုင်ရေးတိုကို ကြိုးပမ်းသွားမည်။
(ဈ) ရွေးကောက်ပွဲတိုင်းတွင် လွှတ်တော်(၃)ရပ်စလုံး၌ မိမိတို ပါတီမှ အနိုင်ရရှိရေးအတွက် အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်သွားမည်။
(ည) မှန်ကန်သော နိုင်ငံရေးလမ်းစဉ်ဖြင့် မူဝါဒ သဘောထား တူညီသည့် တရားဝင်နိုင်ငံရေး ပါတီများ အစုအဖွဲကို ဖေါ်ဆောင်၍ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး ယှဉ်ပြိုင်မှုကို တည်ဆောက်သွားမည်။
(ဋ) အချိန်ကာလတစ်ခုအတွင်း ရရှိလာသည့် အတွေ့အကြုံ ရင့်ကျက်မှုများဖြင့် ဖက်ဒရယ်ဒီမိုကရေစီလုပ်ငန်းစဉ် များ၌ ပါတီ၏ရည်ရွယ်ချက်၊ ဦးတည်ချက်နှင့် မူဝါဒ များကို ခေတ်ကာလနှင့်အညီ ပြောင်းလဲပြင်ဆင် သတ်မှတ်သွားမည်။
နောက်ဆုံးရ သတင်းများ
ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)
ပါတီဥက္ကဋ္ဌ သီရိပျံချီ ဦးစိုင်းအိုက်ပေါင်း